အပြန်အလှန် သတိမမေ့ရင်
အမှန်အကန်ထိတွေ့နေတယ်နော်
ကိုယ်က သူ့ကို သတိရနေရင်
ကိုယ့်ရင်ထဲမှာ သူရှိနေတဲ့အတွက်
သူနဲ့ကိုယ် အပြင်မှာမထိတွေ့ပေမယ့်
ရင်မှာထိတွေ့နေပါတယ်
သူ့ကို သတိရတိုင်းကိုယ့်စိတ်ထဲမှာ
သူရှိနေတယ်မဟုတ်လား
သူကကိုယ့် ကိုသတိရရင်
သူ့ရင်ထဲမှာ ကိုယ့်ရှိနေတဲ့အတွက်
သူနဲ့ကိုယ် အပြင်မှာမထိတွေ့ပေမယ့်
အမှန်တကယ်တော့
ရင်မှာထိတွေ့နေပါတယ် . . .
No comments:
Post a Comment